နောင်တရား မေ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အခြေခံပညာအထက်တန်း ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည့် မေလ ၂၆ ရက်နေ့မှ စတင်၍ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်စတင်လက်ခံလျက်ရှိသည်။
နိုင်ငံတော်မှ သတ်မှတ်ထားသော ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည့် ၂၀၂၂ခုနှစ်၊ မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အတွင်း ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်ဖြင့် ကျောင်းသား/ကျောင်သူများ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းစတင်အပ်နှံလျက်ရှိသည်။ ကျောင်းအပ်နှံသည့် ကျောင်းသား/ ကျောင်းသူများကို နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းက ကြည့်ရှုအားပေးပြီး နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။ ကျောင်းပြန်ဖွင့်ပြီဆိုတော့ ပျော်ရပါတယ် ရောဂါကူးစက်မှုများပြားတဲ့ ကာလတွေမှာ ကျောင်းမဖွင့်နိုင်တော့ ကလေးတွေအတွက် ကုန်သွားတဲ့အချိန်ကို နှမြောမိပါတယ် ကလေးတွေကို ကျောင်းပြန်ထားခွင့်ရလို့ပျော်ရွှင်မိပါတယ်ဟု ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသားမိဘတစ်ဦးကပြောသည်။ကျောင်းအပ်နှံခြင်း သီတင်းပတ်ကုန်ဆုံးသွားပါက ဇွန်လ ၂ ရက်နေ့မှ စတင်၍ ကျောင်းများအားလုံး စတင်ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်းသိရသည်။
ခွန်အောင်(နောင်တရား)