နောင်ချိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှု စတင်ဆောင်ရွက်

နောင်ချို မေ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်းကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့  ကျောင်းအပ်နှံကြစို့ ဆောင်ပုဒ်နှင့်အညီ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ KG တန်းမှ Grade-11 အထိ သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအုပ်ကြီးနှင့် အတန်းပိုင်ဆရာ၊ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသုံးပြဌာန်း စာအုပ်များနှင့် ဗလာစာအုပ်များကို (အခမဲ့) ထုတ်ပေးလျက်ရှိသည်။

နောင်ချိုမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း()ကျောင်း၊ အ..က(ခွဲ) (၁၀)ကျောင်း၊ အလယ်တန်းကျောင်း(၁၁)ကျောင်း၊ အ..က(ခွဲ)(၁၂)ကျောင်း၊ မူလတန်းလွန် (၃၉)ကျောင်း၊ မူလတန်းကျောင်း(၉၈)ကျောင်း၊ အ..က(ခွဲ)()ကျောင်း စုစုပေါင်း (၁၈၇)ကျောင်းနှင့်ကိုယ်ပိုင်ကျောင်း()ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ()ကျောင်းတို့၌ မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဇွန်လ ၂ ရက် နေ့မှစတင်ကာ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထွေးငယ်၊ပြန်/ဆက်