ကျိုင်းတောင်း၌ အခြေခံပညာကျောင်းများတွင် ကျောင်သားမိဘများ အေးချမ်းစွာ ကျောင်းအပ်နှံ

ကျိုင်းတောင်း မေ ၂၆

ကျောင်းအပ်ရာသီစတင်သောနေ့တွင် မြန်မာပြည်တစ်ဝန်းရှိကျောင်းများ ကျောင်းအပ်လက်ခံလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ အခြေခံပညာကျောင်းများတွင် ကျောင်သားမိဘများ အေးချမ်းစွာ ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။

ကျိုင်းတောင်းမြို့တွင် အခြေခံကျောင်း ၁၂ ကျောင်းရှိရာ ယနေ့ကျောင်းအပ်ရာ သီစတင်သော နေ့၌  KG နှင့် Grade-1 မှ Grade-11အထိ ကျောင်းသား/ကျောင်းသူများအား ကျောင်းသား မိဘများက လာရောက်အပ်နှံပြီး KG နှင့် Grade-1မှ Grade-5အထိ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ နှင့်ကျောင်းဝတ်စုံ၊ Grade-6မှGrade-11 အထိ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်နှင့် ခဲတံတို့ကို နိုင်ငံတော်ကအခမဲ့ထောက်ပံ့ပေးအပ်ကာ မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း ဆရာ/ ဆရာမ များ ထံမှသိရသည်။

ဒီနှစ်ကျောင်းအပ်ရတာစိတ်ချမ်းသာတယ်။ ကျောင်းသုံးပုံနှိပ်စာအုပ်ကအခမဲ့နဲ့ ဗလာစာအုပ်၊ ဘောပင်အစရှိတဲ့ ကျောင်းသုံးပစ္စည်းတွေ နိုင်ငံတော်ကနေ အခမဲ့ပေးတဲ့အတွက်ကြောင့် ဝမ်းသာရပါတယ်။ ပညာရေးကဏ္ဍတိုးတက်ဖို့အတွက်ဆိုရင် ကျွန်မတို့မိဘတွေကလည်း တက်နိုင်သည့်ဘက်ကနေ ဝိုင်းဝန်းကူညီရမယ်ဟု အခြေခံပညာအထက်တန်းကျောင်း(တုန်ဟုန်း)တွင် ကျောင်းလာရောက်အပ်နှံသည့် စတုတ္ထကျောင်းသားမိခင် ဒေါ်နန်းအေးလှက ပြောသည်။

သီဟထွန်း