မချမ်းဘော့ မေ ၂၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသူကျောင်းသားများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရန်အတွက် ကျောင်းသန့်ရှင်းရေး စုပေါင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၆ နာရီမှစ၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းသန့်ရှင်းရေးကို မချမ်းဘော့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ဉာဏ်လင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတူးဂျာတို့ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် အမှတ်(၁၃၇) ခြေလျင်တပ်ရင်းမှ စစ်သည်များ၊ ပညာရေးဝန်ထမ်း ဆရာ/ဆရာမများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား (၉၅)ဦးဖြင့် ကျောင်းဝင်းအတွင်းရှိ အမှိုက်များ စနစ်တကျကောက်သိမ်းခြင်း၊ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ ဖော်ပေးခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်