လဲချား မေ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က-လဲချားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ်အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်မြမြစန်းမှ ပညာရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော ပစ္စည်းများအားပေးအပ်ခဲ့ပြီး ကျောင်းအပ်နှံရေးသီတင်းပတ် အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (လဲချား)