မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့စရိတ်နှင့် စာရေးကိရိယာများပေးအပ်

မိုးကောင်း မေ ၂၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း သားသမီးများအား ပညာသင်ထောက်ပံ့စရိတ်နှင့် စာရေးကိရိယာပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီခွဲတွင် အဆိုပါဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်မှ အဖွင့်အမှာစကား ပြောကြား၍ မိုးကောင်းမြို့နယ်ထွေ/အုပ်မှ ဝန်ထမ်များနှင့် ဝန်ထမ်းသားသမီးကျောင်းသား/ သူများ တက်ရောက်ကြသည်။

ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တက္ကသိုလ်တက်မည့် ကျောင်းသား၊ ကျောင်းသူ(၇)ဦးအား တစ်ဦးလျှင် ငွေကျပ်(၁၀၀၀၀/-)နှုန်း ထောက်ပံ့ခဲ့ပြီး KG (၁၁)ဦး၊ G-1 (၃)ဦး၊ G-2(၇)ဦး၊ G-3(၅)ဦး၊ G-4(၂)ဦး၊ G-5 (၂)ဦး၊ G-8 (၃)ဦး၊ G-10 (၁)ဦးတို့အား ထက်လယ်မူအဆင့်အလိုက် ကျောင်းသုံးဗလာစာအုပ်များနှင့် ထီးတစ်လက်စီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)