ကလော မေ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဖတ်ရှုခြင်းမှရရှိသည့် ဗဟုသုတကောင်းကျိုးတရားများကို သိရှိနားလည်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်း၍ စာအုပ်စာစောင်များအခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မိမိရုံးသို့မလာရောက်နိုင်သော ဌာနဆိုင်ရာဝန်ထမ်းများအတွက် ရုံးစာကြည့်တိုက်ရှိ သုတ/ရသ စာအုပ်များနှင့်ကလေးပုံပြင်စာများကို အမျိုးအစားစုံလင်စွာဖြင့် ကလော မြို့နယ်မီးသတ်ဦးစီးဌာနသို့ သွားရောက်၍ ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် လက်ဝယ်အရောက် အခမဲ့ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးသည့်စာအုပ်စာစောင်များအား နှစ်ပတ် တစ်ကြိမ် အသစ်လဲလှယ်ပေးခြင်းတို့ကို ကွင်းဆင်းဆောင် ရွက်လျက်ရှိကြောင်း သိရှိသည်။
ကျော်ဝင်း(ကလော)