မရမ်းကုန်းမြို့နယ် အဖြူရောင်ပရဟိတအသင်းသို့ အလှူ​ငွေများ လာ​ရောက်လှူဒါန်း

မရမ်းကုန်း မေ ၂၅

လူမှုကယ်ဆယ်ရေး လုပ်ငန်းများတွင်  ပါဝင်ကူညီ ဆောင်ရွက်လျက်ရှိသည့် ရန်ကုန် အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၃) ရပ်ကွက် အဖြူရောင် ပရဟိတအသင်းသို့ ယမန်နေ့ နံနက်ပိုင်းက လူမှုအကျိုးပြုလုပ်ငန်းများ​ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်​စေရန် အလှူငွေများလာ​ရောက် လှူဒါန်းခဲ့သည်။  

အဆိုပါ အလှူရှင်များမှာ ပစ္ဆိမာရုံကျောင်းဆရာတော်မှ အသင်းတွင်အသုံးပြုနေသော လူနာတင်ယာဉ်များအတွက် စက်သုံးဆီဝယ်ယူရန် အလှူငွေကျပ် (၅၀၀၀၀ိ/) နှင့် ကွယ်လွန်သူ မိခင်ကြီး ဒေါ်သန်းလှအားရည်စူး၍ ဦးဇော်ဇော်လင်းနှင့် ဒေါ်ခင်မြင့်ဦး မိသားစုမှ လူမှုအကျိုးပြု ပရဟိတလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေကျပ် ၁၀၀၀၀ဝိ/တို့ကို လာ​ရောက်လှူဒါန်းခဲ့ကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်​ပေးအပ်ခဲ့​ကြောင်း သိရသည်။

အေးအေးအောင် (ပြန်/ဆက်)