ရွှေကူမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးရေးပွဲတော်ကျင်းပ

ရွှေကူ မေ ၂၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြိုတွင် မြို့နယ်စည်ပင်သာယာရေးက ကြီးမှူးကျင်းပသော ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးရေးပွဲတော်ကို ယနေ့ နံနက်  ၇  နာရီခွဲအချိန်ခန့်က ရန်ကြီးအောင်ရပ်ကွက်နှင့် စေတီကုန်းရပ်ကွက် ကမ်းနားလမ်း တစ်လျှောက်၌ ပျိုးပင်ပေါင်း (၁၅၀) ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်သည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးမိုးလွင်၊ မြို့နယ်စည်ပင်သာယာရေး ကော်အတီအဖွဲ့ဝင် ဒေါ်ကြည်ကြည်ဌေးနှင့် ဦးစိုင်းဆိုင်လင်းတို့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများသို့ ပျိုးပင်များဖြန့်ဝေပေးခဲ့သည်။ ယင်းနောက် ရွှေကူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ ရွှေကူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး ကျော်မိုးသွင်၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး တင့်နိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကံ့ကော်ပင်(၅၀)၊ ပုန်းညှက်(၅၀)၊ ရေတမာ (၅၀) စုစုပေါင်း ပျိုးပင်(၁၅၀) ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ ကြကြောင်း သိရသည်။

မြို့နယ်၊ပြန်/ဆက်