သိန္နီ မေ ၂၅
ရှမ်းရိုးရာအစားအစာ တစ်မျိုးဖြစ်သော ပဲပုတ်ကို ရှမ်းပြည်နယ်၏ နေရာများများတွင် စိုက်ပျိုး၍ ဒေသထွက်ဟင်းအဖြစ်စားသုံးလျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် ၊သိန္နီမြို့နယ် နောင်အွန်ကျေးရွာတွင် ပဲပုတ်လုပ်ငန်းဖြင့် မိသားစု တစ်နိုင်တစ်ပိုင်လုပ်ကိုင်၍ သိန္နီ မြို့မစျေး အတွင်းရောင်းချခြင်း၊ ဒေသအတွင်း အော်ဒါယူသူများအားပေးပို့ခြင်းဖြင့် ပဲပုတ်လုပ်ငန်းအား တွင်တွင်ကျယ်ကျယ်လုပ်ကိုင် လျက်ရှိသည်။
သိန္နီမြို့နယ် နောင်အွန်ကျေးရွာရှိ ဒေသခံများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းအပြင် အိမ်တွင်းလက်မှု လုပ်ငန်းဖြစ်သော ပဲပုတ်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိသော ဒေါ်ရွှေဟန်မိသားစုမှ ပဲပုတ်လုပ်ငန်းကို လွန်ခဲ့သော ၁၀ နှစ်ကျော်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ “ပဲပုတ်ပြုလုပ်ရာတွင် ဂျင်း၊ ငရုတ်သီး၊ ကြက်သွန်ဖြူတို့ကို အချိုးကျရောစပ်၍ပြုလုပ်ခြင်း၊ ရိုးရိုးပဲပုတ် အခြောက် တစ်ပိဿာလျှင် ကျပ် ၆၀၀၀ နှင့် အထူးအော်ဒါမှာယူသည့် ပဲပုတ်တစ်ပိဿာလျှင် ကျပ် ၈၀၀၀ အထိရောင်းချလျက်ရှိကြောင်း” ပဲပုတ်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ရွှေဟန်မှ ပြောကြားသည်။ “ယခုရာသီတွင် အထူးအော်ဒါမှာယူသည့် ပဲပုတ်ကိုသာ အများဆုံးပြုလုပ်ပေးနေရကြောင်းလည်း” ဒေါ်ရွှေဟန်မှ ပြောကြားသည်။
ရှမ်းလူမျိုးတို့၏ အစားအစာဟင်းများတွင် ပဲပုတ်သည် မပါမဖြစ်သော ဟင်းခတ်တစ်မျိုးလည်းဖြစ်သည်။ ယခုနှစ်ရာသီ ပဲပုတ်ပေါ်ချိန်တွင် ယခင်နှစ်များထက် စျေးကောင်းရရှိနေခြင်းကြောင့် ပဲပုတ်လုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့်လည်း ပဲပုတ်စျေးများ မြင့်တက်ရောင်းချလျက်
စောဥမ္မာ (သိန္နီ)