စဉ့်ကိုင်မြို့နယ်၌ အသက်မွေး၀မ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်

စဉ့်ကိုင်  မေ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အသက်မွေး၀မ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို ယနေနံနက် ၉ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဆက်လက်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

အသပက်မွေး၀မ်းကြောင်း အထောက်အကူပြုအခြေခံစက်ချုပ်သင်တန်းတွင်  အမျိုးသမီး၀တ် ရင်စေ့အင်္ကျီ၊ ရင်ဖုံးင်္ကျီ၊ အမျိုးသားရှပ်င်္ကျီ၊ သဘော်သားအင်္ကျီ၊ဇာခြင်ထောင်ချုပ် နည်းများကို ဆက်လက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျေးလက်နေပြည်သူများ  အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ခြင်း၊ အခြေခံစက်ချုပ်သင်တန်း တတ်မြောက်ခြင်းအားဖြင့် မိမိနေအိမ်တွင်တစ်နိုင်တစ်ပိုင်စက်ချုပ်ဆိုင်ဖွင့်လှစ်နိုင်ခြင်း တစ်ဖက်တစ်လမ်းမှလည်း အပို၀င်ငွေရရှိနိုင်ခြင်း၊ နေအိမ်နှင့် အိုးမကွာအိမ်မကွာဆောင်ရွက်နိုင်သည့်အတွက် မိသားစုစား၀တ်နေရေးအဆင်ပြေစေရန်ရည်ရွယ်၍ သင်တန်းများဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊  မြို့နယ်ဦးစီးမှူးဒေါ်ခင်မာစန်းထံမှ သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)