မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး (Talk Show) ပြုလုပ်

မန္တလေး မေ ၂၅

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် တောမီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို မန္တလေးခရိုင်လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲကို မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်သန်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာငြိမ်း၊ ဒုတိယဦးစီးမှူး ဦးကျော်မျိုးသူတို့က မီးလောင်ကျွမ်းမှုဖြစ်ပေါ်ရခြင်း အကြောင်းရင်းများ၊ မြန်မာနိုင်ငံ၏ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အာဆီယံသဘောတူညီချက်များ၊ သစ်တောမီးကာကွယ်တားဆီးရေးနည်းလမ်းများ၊ သစ်တောမီးလောင်ရသည့်အကြောင်း ရင်းများ၊ မီးလောင်ကျွမ်းမှုအကြိမ် အရေအတွက်များ၊ လယ်ယာအကြွင်းအကျန်နှင့် စိုက်ပျိုးရေးမီးများ ကာကွယ်တားဆီးရန်နည်းလမ်းများ၊ တောမီးနှင့် အခြား အကြောင်းအမျိုးမျိုးကြောင့် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ အကြောင်းကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)