ရခိုင်ပြည်နယ် မောင်တောမြို့၌ ဦးတည်အုပ်စုတွင်ပါဝင်သူများအား နဝမအသုတ် (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

မောင်တော  မေ   ၂၅

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စုတွင် ပါဝင်သည့်သူများအား နဝမအသုတ် (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့  နံနက်ပိုင်းက  သတ်မှတ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းများမှတ်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများအားက လာရောက်ထိုးနှံသည့် ဦးတည်အုပ်စုတွင် ပါဝင်သည့်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ်ဆေးထိုးနှံနေမှုများအား ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီဆောင် ရွက်ပေးလျက်ရှိသည်။

အဆိုပါ ဦးတည်အုပ်စုတွင် ပါဝင်သည့်သူများအား နဝမအသုတ် (ဒုတိယ)အကြိမ်အဖြစ် ယနေ့နံနက်ပိုင်းက  နိုင်ငံ့ဝန်ထမ်း ၅ ဦး၊ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ ၁၃၈ ဦး၊ မှီခိုသူ ၁၅၀ ဦး  စုစုပေါင်း ၂၉၃  ဦးအား ထိုးနှံပေးခဲ့ပြီး  ဧပြီ ၂၆ ရက်နေ့မှ မေ ၂၄ ရက်နေ့ထိ နဝမအသုတ် (ဒုတိယ)အကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၃၀၉၆ ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ပြီးကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်းသိရသည်။

သက်လွင်စိုးခရိုင်(ပြန်/ဆက်)