မိုးမိတ် မေ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ ၊ဆရာ/ဆရာမများ စုပေါင်း၍ ခြုံနွယ်မြက်ပင်များခုတ်ထွင်ရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များကောက်ယူစွန့်ပစ်ခြင်း၊ စာသင်ကျောင်းခန်းများ ရှင်းလင်းခြင်းတို့ကို ယနေ့ နံနက် ၇ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်အေးလှိုင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးရဲထွဋ်နှင့်ဆရာ၊ ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ စုပေါင်း၍ ကျောင်းသား/ကျောင်းသူများ အဆင်ပြေစွာပညာသင်ယူနိုင်စေရေးအတွက် ကျောင်းပတ်ဝန်ကျင်သာယာလှပရေးနှင့် စာသင်ခန်းများသန့်ရှင်းပြီး လေဝင်/လေထွက်ကောင်းမွန်စေရေးတို့အတွက် နွယ်မြက်ပင်များခုတ်ထွင်ရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များကောက်ယူစွန့်ပစ်ခြင်းတို့ကို စုပေါင်း၍ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူဌေး(ခရိုင်ပြန်/ဆက်)