ဇမ္ဗူသီရိ မေ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များစုပေါင်း၍ စာရေးဆရာမသက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)ရေးသားသည့် ၂၀၁၉ ခုနှစ်၊ စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်စာမူ ဝတ္ထုတိုပေါင်းချုပ်(ဒုတိယဆု) ရရှိခဲ့သည့် “လမင်းစန္ဒာလင်းပါစေနှင့်အခြားဝတ္ထုတိုများ” စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်နီလာစိုးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန် တက္ကသိုလ်) ရေးသားသည့် “လမင်းစန္ဒာလင်းပါစေနှင့်အခြားဝတ္ထုတိုများ”စာအုပ်အား စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က ကိုယ်တိုင်ဆွေးနွေးခဲ့ပြီး စာရေးဆရာမ မေချို(ပျဉ်းမနား)၊ စာရေးဆရာခိုင်မင်း(နေပြည်တော်)၊ စာရေးဆရာမောင်လေပြေ (တောင်တွင်း)နှင့် စာပေဝါသနာရှင်များက စာအုပ်ပါအကြောင်းအရာများနှင့် ပတ်သက်၍ ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ နေပြည်တော်စာပေဝိုင်းအဖွဲ့မှ စာရေးဆရာများ၊ ဇမ္ဗူသီရိမြို့နယ် (Book Club)အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ စုစုပေါင်း (၁၅) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)