ကချင်ပြည်နယ်ဝန်ကြီးချုပ် Excel Format ဖြင့် နိုင် - ၄ မှတ်တမ်းပါ အချက်အလက်များ Software အတွင်းသို့ တစ်နိုင်ငံလုံးတွင် ကချင်ပြည်နယ်မှ သတ်မှတ်ကာလထက် စောလျင်စွာ ပထမဆုံးပြီးစီးအောင် ထည့်သွင်းဆောင်ရွက်နိုင်ခဲ့သည့် ဝန်ထမ်းများအားဂုဏ်ပြု

မြစ်ကြီးနား မေ ၂၄

နိုင်-၄ မှတ်တမ်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား Excel Format ဖြင့် Data Entry ရိုက်သွင်းပြီး e-ID Software သို့ ထည့်သွင်းရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် ကချင်ပြည်နယ်မှ သတ်မှတ်ကာလထက် ဆောလျင်စွာ ပြီးစီးအောင် ထည့်သွင်းနိုင်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို မေ ၂၂ ရက် ည ၇ နာရီတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ မိမိတို့ကချင် ပြည်နယ်အနေဖြင့် မဲစာရင်းမှန်ကန်ရေး၊ နိုင်-၄ မှတ်တမ်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ မှတ်တမ်းအရေအတွက် (၁၄)သိန်းကျော်ကို Excel Format ဖြင့် Data Entry ရိုက်သွင်းပြီး e-ID Software Server သို့ ထည့်သွင်းခြင်းလုပ်ငန်းကို တိုင်းဒေသသကြီး/ပြည်နယ်များအနက် သတ်မှတ် ကာလထက်ဆောလျင်စွာ ပထမဆုံးဆောင်ရွက်ပြီးစီးရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ်အတွင်းရှိ ဝန်ထမ်းများနှင့် ဝိုင်းဝန်း ကူညီပေးခဲ့ကြသော ဌာနဆိုင်ရာအဖွဲ့များကို ကျေးဇူးတင်ဂုဏ်ပြုခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက နိုင်-၄ မှတ်တမ်းပါ အချက်အလက်များ Excel Format ဖြင့် Data Entry ရိုက်သွင်းခြင်းလုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့မှု များ၊ ပြည်နယ်အစိုးရအဖွဲ့မှ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ပံ့ပိုးဆောင်ရွက်ပေးခဲ့မှုများ၊  ဝန်ထမ်းများ စုဖွဲ့၍ အချက်အလက်များကို Data Entry ရိုက်သွင်းပြီး ပြည်ထောင်စု e-ID Software Server ထည့်သွင်းခြင်းလုပ်ငန်းကို မေလ ၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ (၁၂)ရက်သာကြာမြင့်ပြီး တစ်နိုင်ငံလုံးတွင် ပထမဆုံးနှင့် အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က နိုင်-၄ မှတ်တမ်းပါ အချက်အလက်များကို သတ်မှတ်ကာလ မတိုင်မီ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပထမဆုံးပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူ များအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဝန်ထမ်းများနှင့်အတူ ဂုဏ်ပြု ညစာကို အတူတကွသုံးဆောင်ခဲ့ကြသည်။

အဆိုပါ Excel Format ဖြင့် Data Entry ရိုက်သွင်းခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် မြစ်ကြီးနားမြို့တွင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးဟောင်းနေရာ၊ ကွန်ပျူတာ တက္ကသိုလ် (မြစ်ကြီးနား)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနနှင့် မြစ်ကြီးနား မြို့နယ်စုပေါင်းရုံး (၄)နေရာတို့တွင် ဌာနဆိုင်ရာများ စုဖွဲ့၍ လုပ်ငန်းဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်