ဟိုပန် မေ ၂၄
စာသင်ကျောင်းများ၌ ကျောင်းသူ/ကျောင်းသားများ အေးချမ်းစွာ ပညာသင်ကြားနိုင်စေရန်၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရန်၊ ခြင်၊ ယင်များ ခိုအောင်းမှုမရှိစေရန် ဆေးဖျန်းခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ အခြေခံပညာအထက်တန်းကျောင်းဝင်းတွင် ဆောင်ရွက်ခဲ့သည်။
ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်က အနီးကပ်ကြီးကြပ်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက စာသင်ခန်းများနှင့် ခြင်၊ ယင်များ ခိုအောင်းနိုင်သောနေရာများသို့ ဆေးဖျန်းခဲ့ကြသည်။
အဆိုပါ ခြင်ဆေးဖျန်းရာသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။
ထို့နောက် အဖွဲ့(၂)ဖွဲ့ခွဲကာ ဟိုပန်မြို့ပေါ်ရှိ စာသင်ကျောင်း(၉)ကျောင်းကို သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)