၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်း‌ဆင့် Grade-11 (သင်ရိုးသစ်) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မြစ်ကြီးနား မေ ၂၄

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်း‌ဆင့် Grade-11 (သင်ရိုးသစ်) မြို့နယ် အဆင့်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃)နာရီခွဲက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၊ ရွေသွေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြစ်ကြီးနားခရိုင် ပညာရေးမှူး ဦးရဲအောင်က သင်တန်းသား/ သူများ၊ ဆရာ/ မများအား သင်တန်းတွင် အချိန်ကိုအကျိုးရှိစွာ လေ့လာသင်ယူခဲ့ပြီး မိမိတို့အနေဖြင့် ကျောင်းသား/သူများအား ပြန်လည်သင်ကြားပေးနိုင်​စေ​ရေးအတွက် ဆရာ/မများနှင့်  ကျောင်းသား/သူများ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွှတ်စွာ နေထိုင်ကြပြီး ကချင်ပြည်နယ်အတွင်း စံပြကျောင်းတစ်ကျောင်းအဖြစ် သတ်မှတ်နိုင်စေရန် ကြိုးစားသွားကြ စေလိုကြောင်း သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို မေ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ ၃ ​ရက်ကြာ သင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒနှင့် ကာယပညာ စသည့် ဘာသာရပ်များကို ဆွေးနွေးပို့ချခဲ့ကြပြီး သင်တန်းသို့ မြစ်ကြီးနားမြို့နယ် အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/မများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာတော်၊ သံဃာတော်များ၊ ကိုယ်ပိုင်ပညာအထက်တန်းကျောင်းမှ ဆရာ/ မများ၊ နည်းပညာအထက် တန်းကျောင်းများမှ ဆရာ/မများနှင့် အမှတ် ၇ ပညာရေးသင်တန်းကျောင်းမှ သင်တန်းနည်းပြများ အင်အား (၃၆၃) ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်