ဇမ္ဗူသီရိမြို့နယ်၌ “အမျိူးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး” Talk Show ကျင်းပ

ဇမ္ဗူသီရိ မေ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လယ် (၁၂) နာရီက “အမျိူးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေးTalk Show ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက “အမျိူးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေးTalk Show ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)က အကြမ်းဖက်မှုအမျိုးအစားများ၊ အကြမ်းဖက်ခံရမှုကြောင့် ထိခိုက်နစ်နာမှုအခြေအနေများ၊ အမျိုးသမီးများအနေဖြင့် အကြမ်းဖက်မှုမခံရစေရေးအတွက် ကာကွယ်ရမည့်နည်းလမ်းများ၊ စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုနှင့် အန္တရာယ်ရှိသောဓလေ့ထုံးစံများဖြင့် အကြမ်းဖက်ခြင်းစသည့် အကြောင်းအရာများအား ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အလို့ငှာ အကျယ်တဝင့်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်တင်ဆက်ပေးလျက်ရှိရာ ယခု TalK Show အပြည့်အစုံကိုလည်း We Love Zabuthiri Facebook Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)