ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့၌ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြော

မောင်တော     မေ    ၂၃

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောခြင်းကို  ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန် အနောက်ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ   အမှတ်(၄၆) မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမြင့်သောင်းက မူးယစ်ဆေးဝါးပပျောက်ရေးနှင့် မူးယစ်ဆေးဝါးနှင့် ပတ်သတ်၍  ဆိုးကျိုးများ၊ ပြစ်မှု၊ ပြစ်ဒဏ်များအား အသိပညာပေးဟောပြောခြင်း၊ ဘူးသီးတောင် မြို့မရဲစခန်းမှူး ဒုရဲမှူးဇော်မြင့်သူက မူခင်းကျဆင်းရေး ခေါင်းစဉ်ဖြင့်  အသိပညာပေး ဟောပြောပေးခဲ့ကြပြီး  ရပ်ကွက်အတွင်းရှိ ပြည်သူ (၃၀)ဦးခန့် တက်ရောက်ခဲ့ကြကာ အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။

သက်လွင်စိုး(ပြန်/ဆက်)