ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ဆေး ဖျန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဒဂုံအရှေ့ မေ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့၌ ခြင်ကိုက်ခံရခြင်း ကြောင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပေါ်စေရန် ကြိုတင် ကာကွယ်ရေးအတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ကျောင်းသား/ သူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ရည်ရွယ်၍ အမှတ်(၄)ရပ်ကွက် အမှတ်(၁) အခြေခံပညာ မူလတန်းကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းအချိန်၌ ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခတ်ပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြ သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှ ဝန်ထမ်းများ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အမှတ် ၄ ရပ်ကွက်ရှိ အမှတ်၁ အခြေခံပညာ မူလတန်းကျောင်းရှိ ဆရာ၊ ဆရာမများ ပူးပေါင်း၍ ကျောင်းဝန်းအတွင်းရှိ ကျောင်းခန်းများ၊ ကျောင်းဝန်းတို့၌ ခြင်ဆေးမှုတ်ခြင်း၊ ကျောင်းဝန်းရှိ ရေတွင်း၊ ရေကန်များအား အဘိတ်ဆေးခပ်ခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မိုးတွင်းကာလသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကို ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဝင်းအိမွန်(ပြန်/ဆက်)