ဘီးလင်း မေ ၂၂
သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် မေ ၂၁ ရက် ညပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ကန်သာယာရပ်ကွက်၊ ကျွန်းတောလမ်းဆုံရှိ လုံးပတ် ၃ ပေခန့်နှင့် အမြင့် ပေ ၂၀ ခန့်ရှိ ကျွန်းပင်လဲကျမှုဖြစ်ပွားရာ စျေးဆိုင်ခန်း ၃ ခန်း ပျက်စီးမှုဖြစ်ပွားခဲ့သည်။
အဆိုပါ ကျွန်းပင် လဲကျရာနေရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေယံအောင်နှင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၈ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးနှင့် ပြည်သူများမှ ဝိုင်းဝန်းခုတ်ထွင် ရှင်းလင်း ခဲ့ကြသည်။ ကျွန်းပင်လဲကျမှုကြောင့် သွပ်မိုး၊ အုတ်ကာ၊ စျေးဆိုင်ခန်း ၃ ခန်း ပျက်စီးခဲ့ရာ ဆုံးရှုံးမှု တန်ဖိုး ၁၅၀၀၀၀/-ခန့်ဖြစ်ပြီး လူနှင့်တိရစ္ဆာန် ဆုံးရှုံးမှုမရှိကြောင်း သိရသည်။
ထူးနောင် ဘီးလင်း