လားရှိုးမြို့တွင် မြို့သန့်ရှင်းသာယာရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

လားရှိုး မေ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုမြို့တွင် မြို့သန့်ရှင်းသာယာရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကြည့်ရှု အားပေးခဲ့သည်။ စုပေါင်းသန့်ရှင်းရေးကို တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုပေါင်း၍ လားရှိုးမြို့လည် အဝိုင်းပတ်မှ မြို့အဝင်မုခ်ဦးအထိ အမှိုက်ကောက်ခြင်း၊ လမ်းလယ်ပန်းခုံများသန့်ရှင်း ဆောင်ရွက် ခြင်း၊ လမ်းဘေးဝဲယာခြုံနွယ်များရှင်းလင်းခြင်း၊ လမ်းဘေးဝဲယာမြေယာ ရှုခင်းပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး