ကွမ်းလုံမြို့၌ မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကွမ်းလုံ မေ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ယမန်နေ့ နံနက်(၇)နာရီခွဲအချိန်က တပ်မတော်သားများနှင့် မိသားစုဝင် များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူ ပြည်သားများ စုပေါင်းကာ ကွမ်းလုံမြို့အဝင်မုခ်ဦးမှစတင်၍ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် ကုန်းညောင်ကျေးရွာအထိ ဆောင်ရွက်ခဲ့ကြသည်။

ယင်းသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မြင့်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး သန့်ရှင်းရေး ဆောင်ရွက်နေသူများကို အားဖြည့်အချိုရည်နှင့် အစားအစာများအား ပေးအပ်ခဲ့သည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုတွင် တပ်မတော်သားနှင့် မိသားစုဝင်များ၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူပြည်သားများ စုစုပေါင်းအင်အား (၅၉၁)ဦးနှင့် မီးသတ်ယာဉ် (၃)စီးတို့က လမ်းမကြီးပေါ်ရှိ အညစ်အကြေးများအား ဆေးကြောခြင်း၊ ပန်းခုံများအား သန့်ရှင်း ရေးဆောင်ရွက်ခြင်း၊ လမ်းဘေးဝဲယာတစ်လျှောက်ပေါင်းမြက်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်ကောက်ခြင်း၊ တံမြက်စီးလှည်းခြင်း၊ ရေနှုတ်မြောင်းများတွင် ရေစီးရေလာကောင်းမွန်စေရေး အတွက်  အမှိုက်နှင့် သဲနှုန်းများဆည်ယူခြင်းတို့ကို  စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိ သည်။

မြို့နယ်(ပြန်/ဆက်)