ရန်ကင်း မေ ၂၂
ရန်ကင်းမြို့နယ်တွင် ယမန်နေ့ နံနက် ၇ နာရီမှ ၉ နာရီအထိ ရန်ကင်းမြို့နယ် အမှတ်(၁၁) ရပ်ကွက်၊ သစ္စာလမ်းရှိ၊ လေ့ကျင့်ရေးအလယ်တန်းကျောင်း အတွင်း/အပြင်သန့်ရှင်းရေးကို မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ သန့်ရှင်းရေးပြုလုပ်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ် ဦးဆောင်၍၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဦးမြင့်ဇော်၊ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ စည်ပင်၊ မီးသတ်တပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၊ မြို့နယ်ပညာရေးမှူး၊ လေ့ကျင့်ရေးအလယ်တန်း ကျောင်းအုပ်နှင့် ဆရာ/ဆရာများ၊ ပရဟိတအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များ စုစုပေါင်းအင်အား(၁၅၀)ဖြင့် သန့်ရှင်းရေးပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ သန့်ရှင်းရေးပြုလုပ်သည့် နေရာသို့ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် အဖွဲ့လာရောက် ကြည့်ရှုအားပေးခဲ့ပြီး မြို့အင်္ဂါရပ်နှင့် ပြည့်စုံရန် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊ ကျောင်းအပ်နှံရေးအတွက် ကလေးများ ဘေးအန္တရာယ်ကင်းရှင်းပြီး အေးချမ်းစွာနှင့် အနာရောဂါ ကင်းရှင်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ယခုကဲ့သို့ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက် နေမှုတို့ကို အားပေးဂုဏ်ယူမိပါကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။
အိရွှေစင်( ပြန်/ဆက်)