ကျိုက်ထို မေ ၂၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၌ အခြေခံပညာအထက်တန်းအဆင့် (GRADE-11)သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွား သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျိုက်ထိုမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် သထုံခရိုင် ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းမိုးက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်သင်းသင်းအိက ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် မိမိတို့မြို့နယ်အနေဖြင့် KG တန်းမှစ၍ GRADE-11 ထိ ရာနှုန်းပြည့် အောင်မြင်ရန် သင်ကြားပေးရမှာဖြစ်သည့်အတွက် သင်တန်းသား သင်တန်းသူများ အနေဖြင့် မိမိတို့လေ့လာ သင်ကြားရမည့်ဘာသာရပ်များကို လေ့လာမှတ်သား သင်ကြားကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးကျော်ဇောလင်းက ဘာသာရပ်အလိုက် သင်ကြားရမည့် ဆရာ၊ ဆရာမများ၏ အခန်းများနှင့် ကျန်းမာရေးကိစ္စများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် နည်းပြ ၁၂ ဦး တို့က မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းအဆင့် ဆရာ/ဆရာမ ၁၆၀ ဦးတို့ကို မြန်မာစာ ၊ အင်္ဂလိပ်စာ ၊သင်္ချာ ၊ ဓာတု ဗေဒ ၊ ရူပဗေဒ ၊ ဇီဝဗေဒ ၊ ဘောဂဗေဒ ၊ ပထဝီ ၊သမိုင်း ၊ လူမှုရေးသိပ္ပံ နှင့် ကာယဘာသာရပ်များအား မေ ၂၁ ရက် နေ့မှ ၂၃ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၀င်းမောင်(ကျိုက်ထို)