ဇမ္ဗူသီရိ မေ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် Grade-11 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၁၄) အခြေခံပညာ အထက်တန်းကျောင်းရှိ ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ပညာရေးအကြီးအကဲများ၊ ကျောင်းအုပ်ကြီးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်း စည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားသည်။
အဆိုပါ အခြေခံပညာအထက်တန်းအဆင့် Grade-11 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွား သင်တန်းသို့ သင်တန်း သား၊ သင်တန်းသူ ဆရာ၊ ဆရာမ (၁၂၁) ဦး တက်ရောက်ကြပြီး နည်းပြအဆင့် ဆရာ၊ ဆရာမ (၁၀) ဦးတို့က မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်၊ သမိုင်း၊ စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ်တို့အား မေလ (၂၁) ရက်နေ့မှ မေလ (၂၃) ရက်နေ့အထိ (၃) ရက်ကြာ သင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)