ပုဗ္ဗသီရိမြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့် Grade-11 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

ပုဗ္ဗသီရိ မေ ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်းအဆင့် Grade-11 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့ သည်။

ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက အဖွင့်အမှာစကားများ ပြောကြားရာ၌ Grade-11 (သင်ရိုးသစ်) ဆင့်ပွားသင်တန်းဖွင့်ရခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အခြေခံပညာအထက်တန်းအဆင့် Grade-11(သင်ရိုးသစ်) မြို့နယ် အဆင့် ဆင့်ပွားသင်တန်းသို့  သင်တန်းသား/သင်တန်းသူ ဆရာ၊ ဆရာမ (၁၃၆) ဦးတက်ရောက်ကြပြီး နည်းပြအဆင့် ဆရာ၊ ဆရာမ(၁၀)ဦးတို့က မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ၊ ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒ၊ စာရိတ္တနှင့်  ကာယပညာ ဘာသာရပ်တို့အား မေလ (၂၁) ရက်နေ့မှ မေလ (၂၃) ရက်နေ့ အထိ (၃) ရက်ကြာ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးသီဟ (ပြန်/ဆက်)