ဟိုပန် မေ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်(၃)နှစ်မှ(၇)နှစ်အတွင်းရှိကလေးငယ်များအား ဆုံဆို့နာရောဂါနှင့် မေးခိုင်ရောဂါကာကွယ်ဆေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက သက်ဆိုင်ရာစုရပ်နေရာများ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် ဟိုပန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက် (၁၀) ရပ်ကွက်ရှိ ကလေးငယ်(၁၁၀)ဦးတို့အား ရုံးကုန်းရပ်ကွက်၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌လည်းကောင်း၊ ကျေးရွာများရှိ ကလေးငယ်(၁၄၀)ဦးတို့အား နောင်မိုကျေးလက်ကျန်းမာရေးဌာနခွဲ၌ (၈၄)ဦးနှင့် မော်ဟွေ့ကျေးလက်ကျန်းမာရေးဌာနခွဲ၌ (၅၆)ဦး စုစုပေါင်း အသက်(၂)နှစ်မှ (၇)နှစ် အတွင်းရှိကလေးငယ်(၂၅၀)ဦးတို့အား ဆုံဆို့နာရောဂါနှင့် မေးခိုင်ရောဂါကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း ဟိုပန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရှိရသည်။
ဇင်ဇင်