မိုင်းပန်မြို့နယ်အတွင်း ကျောင်းအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်

မိုင်းပန် မေ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့တွင်းလမ်းဘေးဝဲ/ယာနှင့် အ.ထ.က ကျောင်းအတွင်းအပြင်တို့တွင် သန့်ရှင်းသာယာလှပစေရေးအတွက် ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များအား သန့်ရှင်းခြင်းတို့ကို ယနေ့ နံနက် ၇ နာရီအချိန်ကစတင်၍ မိုင်းပန်တပ်နယ်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ဦးဆောင်ကာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မိုင်းပန်တပ်နယ်မှ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင် သာယာရေးဌာနမှ၀န်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ သန့်ရှင်းသာယာ လှပစေရေးအတွက် အမှိုက်သရိုက်များ သန့်ရှင်းခြင်း၊ ခြုံနွယ် များအား ခုတ်ထွင်ရှင်းလင်းခြင်းတို့အား စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)