ထန်းတပင်(ရန်ကုန်) မေ ၂၁
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများကို မေလ(၂၆)ရက်နေ့မှစတင်ကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး မေလ(၂၁) ရက်နေ့က ရန်ကုန်မြောက် ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး၊ ကျောင်းအပ်လက်ခံနိုင်ရေးများ ဆောင်ရွက်ရာတွင် အဆင်ပြေစေရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပစေရေးတို့အတွက် ကျောင်းတွင်းနှင့် ကျောင်းပြင် စုပေါင်းသန့်ရှင်းရေးကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၄၉)ကျောင်း တို့တွင်ဆောင်ရွက်လျက်ရှိသည်။
အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အခြေခံပညာ ဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွွဲ့မှဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာနေပြည်သူများ စုပေါင်းကာ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ကြိုတင်ပြင်ဆင်ဆောင်ရွက်ရာတွင်လည်း ကျောင်းစာသင်ခန်းများပြင်ဆင်ခြင်းနှင့် စာသင်ခုံများ နေရာချခြင်း၊ ကျောင်းတွင်း၊ ကျောင်းပြင်ရှိ အမှိုက်များကောက်ခြင်း၊ ခြုံနွယ်မြက်များ ရှင်းလင်းခြင်းနှင့် ကျောင်းအတွင်းရှိရေလှောင်ကန်များတွင်လည်း အဘိတ်ဆေးခပ်ခြင်းနှင့် ကျောင်းပတ်ဝန်းကျင်များကို ခြင်ဆေးမှုတ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း လည်းသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)