ချောင်းဆုံမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပြိုကျမှုနှင့် အမိုးလန်မှုများဖြစ်ပွား

ချောင်းဆုံ မေ ၂

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ယမန်နေ့မွန်းလွဲ (၁၂) နာရီအခွဲအချိန်မှ () နာရီအခွဲအချိန်ထိ  မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်  လူနေအိမ်များ ပြိုကျမှုနှင့် အမိုးလန်မှုများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်မှာ ဇီးကုန်းကျေးရွာအုပ်စုတွင် အိမ်အမိုးလန်ခြင်း (၂၀) လုံး၊ ခရိုက်နှီးဟုကျေးရွာအုပ်စုတွင် အိမ်အမိုးလန်ခြင်း () လုံးနှင့် ဘုန်းတော်ကြီးကျောင်း တန်ဆောင်းအမိုးလန်ခြင်း၊ မုရစ်ကြီး ကျေးရွာ အုပ်စုတွင် အိမ်အမိုးလန်ခြင်း () လုံး၊ ကွမ်ရိုက်ကျေးရွာအုပ်စုတွင် အိမ်အမိုးလန်ခြင်း () လုံး၊ သားဖွားခန်းအမိုးလန်ခြင်း () လုံးနှင့် ဘုရားလေသာဆောင် အမိုးလန်ခြင်း () ခု၊ ခရိုက်ဒူး ကျေးရွာ အုပ်စုတွင် အိမ်အမိုးလန်ခြင်း () လုံးနှင့် ပြိုကျပျက်စီး () လုံး၊ တော်ပွန်ကျေးရွာအုပ်စုတွင် ဘုန်းတော်ကြီးကျောင်း အမိုးလန်ခြင်း () ကျောင်းနှင့် နေအိမ်အမိုးလန်ခြင်း()လုံး၊ ဆယ်ပလာကျေးရွာ အုပ်စုတွင် နေအိမ်ပြိုကျပျက်စီး ()လုံး၊  ခရိုက်သစ်ကျေးရွာအုပ်စုတွင် နေအိမ်ပြိုကျ ()လုံး၊ ချောင်းဆုံ အရှေ့ရပ်ကွက်တွင် နေအိမ်ပြိုကျပျက်စီး () လုံးနှင့် တစ်စိတ်တစ်ပိုင်းကျက်စီး()လုံး၊ တကူပတီ ကျေးရွာအုပ်စုတွင် သစ်ပင်ပိ၍ နေအိမ်()လုံး အိမ်နောက်ဖေးဆောင်ပျက်စီးခြင်း၊ ကရင်ဝင်းစိန်ကျေးရွာ အုပ်စုတွင် အိမ်အမိုးလန်ခြင်း ()လုံး၊ နတ်မှော်ကျေးရွာအုပ်စုတွင် အိမ်အမိုးလန်ခြင်း (၁၇)လုံးနှင့် နေအိမ်ပြိုကျခြင်း()လုံး၊ သက္ကောကျေးရွာအုပ်စုတွင် အိမ်အမိုးလန်ခြင်း () လုံးနှင့် သစ်ပင်ပိ၍ အိမ် () လုံး ခေါင်မိုးပျက်စီးခြင်း၊ ကဒါကျေးရွာအုပ်စုတွင် သစ်ပင်ပိ၍ နေအိမ် ()လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခြင်း၊ ဒေါင်းဥကျေးရွာအုပ်စုတွင် သစ်ပင်ပိ၍ နေအိမ်()လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခြင်း၊ ချောင်းဆုံအနောက်ကျေးရွာအုပ်စုတွင် အိမ်အမိုးလန်ခြင်း () လုံးနှင့် သစ်ပင်ပိ၍ နေအိမ်()လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခြင်းများ ဖြစ်ခဲ့ကြောင်း၊ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ကြောင့် ချောင်းဆုံမြို့နယ်အတွင်း ပြိုကျပျက်စီးခြင်း၊ နေအိမ်အမိုးလန်ခြင်း၊ ဘုန်းတော်ကြီးကျောင်း အမိုးလန်ခြင်း၊ သားဖွားခန်း အမိုးလန်ခြင်းများဖြစ်ပေါ်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးအား တွက်ချက်လျက်ရှိပြီး လူနှင့်တိရစ္ဆန်ထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်းသိရှိရသည်။

ချောင်းဆုံ (ပြန်/ဆက်)