မော်လမြိုင် မေ ၂၀
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ပညာရေးဒီဂရီကောလိပ်တွင် ပထမနှစ် (ဒုတိယနှစ်ဝက်)နှင့် ပထမနှစ် (ပထမနှစ်ဝက်) သင်တန်း ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက ဂုဏ်ပြုကြိုဆို အမှာစကားပြောကြားရာတွင် သင်တန်းသား/သူများအနေဖြင့် ဆရာအတတ်ပညာများကိုသာမက အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများကိုပါ ယခုသင်တန်းမှရရှိမည်ဖြစ်ပါ ကြောင်း၊ (၄)နှစ်တာပညာသင်ယူပြီးပါက သက်ဆိုင်ရာဘာသာရပ်အလိုက် ဘွဲ့များချီးမြှင့်သွားမည်ဖြစ်ပြီး အခြေခံကျောင်းများအတွက် လိုအပ်နေသော ဆရာ၊ ဆရာမများနေရာတွင် အရည်အသွေးပြည့်၀သောဆရာ၊ ဆရာမများ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်းပြောကြားခဲ့ပြီး၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ထိုနောက် ပြည်နယ်၀န်ကြီးချုပ်နှင့်၀န်ကြီးများက ပညာရေးဒီဂရီကောလိပ်သို့ တက်ရောက်ကြသည့် ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်းသိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)