ဇမ္ဗူသီရိ မေ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ အလယ်တန်းအဆင့် စာမှတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဇမ္ဗူသီရိမြို့နယ် ဦးစီးအရာရှိ ဒေါ်နီလာစိုးက ကလေးငယ်များအား ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အလယ်တန်းအဆင့် စာမှတ်စွမ်းရည်ပြိုင်ပွဲကိုကျင်းပခဲ့ရာ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ (၁၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူလေးများအား အမှတ်တရ လက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)