လှည်းကူးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စိတ်ကိုလှပအောင်ပြင် နည်းစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

လှည်းကူး မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် လူငယ်လူရွယ်များ အနေဖြင့် စာပေများ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိသောစာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ မခင်စောတင့် ရေးသားသော “စိတ်ကိုလှပအောင်ပြင်နည်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေး‌အေးနွဲ့ က လူငယ်များအနေဖြင့် စာဖတ်ခြင်း မှရရှိသည့် အသိပညာ ဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စာပေချစ်သူများ အချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးသည့် အလေ့အကျင့် ရှိစေရန်အတွက် စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခုဆွေးနွေးသည့် စာအုပ်သည် လူငယ်များအနေဖြင့် ဖတ်သင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်း ပြောကြားပြီးနောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ  စာပေဝါသနာရှင်များက "စိတ်ကိုလှပအောင်ပြင်နည်း" စာအုပ်တွင်ပါရှိသည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို အကျဉ်းချုပ် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့