ကျောက်တန်း မေ ၂၀
နိုင်ငံတော်မှ ပညာရေးစနစ်သစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဆရာ၊ဆရာမများ၏ အခန်းကဏ္ဍသည် အဓိကသော့ချက်ဖြစ်သဖြင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ကျောက်တန်းမြို့နယ်ရှိ ပညာရေးဝန်ထမ်းများအား မြို့နယ်အဆင့် ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို မြို့မအခြေခံပညာအလယ်တန်းကျောင်း ရွှေသံလွင်ခန်းမတွင် ယမန်နေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းခန့်အောင်က အမှာစကား ပြောကြားခဲ့သည်။ ဆွေးနွေးပွဲကို မေလ(၁၉)ရက်နေ့မှ (၂၀)ရက်နေ့အထိ (၂)ရက်တာ ကျင်းပမည်ဖြစ်ရာ သင်တန်းနည်းပြဆရာ၊ ဆရာမ(၄)မှ ဘဏ္ဍာရေးဆိုင်ရာ ပို့ချချက်များ၊ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများ၊ သင်ကြားမှုဆိုင်ရာ လုပ်ငန်းများ၊ လေ့လာကြီးကြပ်အကဲဖြတ်ခြင်း၏ အရေးပါမှုနှင့် တတ်မြောက်မှု စစ်ဆေးခြင်း၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များနှင့် ရုံးလုပ်ငန်းလက်စွဲပါ စာအုပ်များအကြောင်းကို ဆွေးနွေးသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲကို ကျောင်းအုပ်ဆရာ/ဆရာမ (၁၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)