တောင်သာမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်အတွက် ထောက်ပံ့ငွေပေးအပ်

တောင်သာ မေ ၂၀

တောင်သာမြို့နယ်၊ မာလာအုပ်စု၊ မာလာကျေးရွာတွင် မေလ (၁၈) ရက်နေ့က  မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ထန်းပင်လဲကျ၍ ပျက်စီးဆုံးရှုံးခဲ့သည့်နေအိမ်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် () နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ထန်းပင်လဲကျမှုကြောင့် လူနေအိမ်တစ်လုံးပျက်စီးခဲ့မှုအတွက် လူအသုံးအဆောင်ပစ္စည်း (၁၇) မျိုးပါ ပလပ်စတစ် ပုံးတစ်ပုံး၊ အိမ်ဆောက်ပစ္စည်း ကုန်ကျစရိတ်ငွေကျပ် () သိန်းနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ တစ်ဦးလျှင် () ရက်စာ (၂၁၀၀/-) ကျပ်နှုန်းဖြင့် အိမ်ထောင်စု () ဦးစာအတွက် (၆၃၀၀/-) ကျပ် စုစုပေါင်း တန်ဖိုးငွေကျပ် (၁၀၆၃၀၀/- ) ကို မာလာကျေးရွာအုပ်စု၊ မာလာကျေးရွာမှ ဦးစိုးလွင်အား ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးနိုင်နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနဦးစီးမှူး ဒေါ်ခင်နီလာစိုးတို့မှ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)