အောင်မြေသာစံ မေ ၂၀
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၆ လမ်းကြား၊ ၈၆×၈၇လမ်းကြားရှိ အမှတ်(၂၀) အခြေခံပညာအထက်တန်း ကျောင်းတွင် ယနေ့နံနက်(၈)နာရီက ကျောင်းအုပ်ဆရာမကြီးဒေါ်ဝါဝါနှင့် ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမိုးသန်းဦးနှင့် ရာအိမ်မှူးများ၊ မြို့နယ်အရန်မီးသတ် တပ်ဖွဲ့၊ တပ်ခွဲ(၂)မှ ဒုတိယတပ်ခွဲမှူး ခင်မောင်ရင်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်ဝန်ထမ်းများ၊ နန်းတော်ရှေ့လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသိန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ ဓါတ်ပေါင်းစုလူမှုကူညီရေးအသင်းဝင်များ၊ ရပ်ကွက်လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အထောက်အကူပြုအဖွဲ့ဝင်များ စုစုပေါင်း ၆၀ ဦးခန့်တို့ပူးပေါင်း၍ ကျောင်းဆောင်များ၊ စာသင်ခန်းများ၊ ကျောင်းဝင်းအတွင်း/အပြင်များအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ကျောင်းဝင်းအတွင်း ခြင်ဆေးဖျန်းခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းတို့ ဆောင်ရွက်ခဲ့သိရသည်။
(မြို့နယ်၊ပြန်/ဆက်)