“ပန်ဆိုင်း(ကြူကုတ်)မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ”

ပန်ဆိုင်း(ကြူကုတ်) မေ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယနေ့နေ့လည် (၁:၀၀)နာရီအချိန်က ကျင်းပခဲ့သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဇင်မာဖြိုးက စာပေချစ်မြတ်နိုးသူများအချင်းချင်း ချစ်ခင်ရင်းနှီးမှုရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များမှ စာရေးဆရာမထက်ထက်ထွန်း၏ “နေ့တိုင်းပျော်ပါတယ်” စာအုပ်မှ ကိုယ့်ကိုကိုယ်ချစ်ပါ အကြောင်းအရာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများ အဖွဲ့က၎င်းတို့၏ အတွေးအမြင်များကို အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)နှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လစဉ်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်မာဖြိုး(ပန်ဆိုင်း)