နေပြည်တော် မေ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ပြည်သူ့စာကြည့်တိုက်အနီးရှိ ကျေးရွာများမှ စာကြည့်တိုက်အသင်းဝင် ကျောင်းသား/သူကလေးငယ်များအားဖိတ်ခေါ်၍ အင်္ဂလိပ်စာစွမ်းရည်နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။
အဆိုပါပွဲတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်က ကလေးငယ်များအား ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်သည့်အလေ့ကျင့်ကောင်းနှင့် စာပေစိတ်ဝင်စားမှု မြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် ယခုလိုဖိတ်ခေါ်၍ ပြိုင်ပွဲပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုနောက် ပြန်/ဆက်ဦးစီးဌာန တာဝန်ရှိသူများကဦးဆောင်၍ အသင်းဝင်ကလေးငယ်များအား အင်္ဂလိပ်စာစွမ်းရည်နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်ပေးခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသော အသင်းဝင်ကလေးငယ်များအား အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါပွဲသို့ ပြည်သူ့စာကြည့်တိုက်အနီးရှိ ရွှေတွင်းကုန်းကျေးရွာ၊ သာစည်ကျေးရွာနှင့် ဗောဓိမြိုင်ကျေးရွာများမှအသင်းဝင် ကျောင်းသား/သူ (၂၀)ဦး တက်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)