မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဝက်မွေးမြူရေးအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်

မန်တုံ  မေ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဝက်မွေးမြူရေးအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ယနေ့နံနက်(၀၉:၃၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က ပြည်သူများအနေဖြင့် ဝက်မွေးမြူပါက စနစ်တကျမွေးမြူနိုင်ရန်၊ ဝက်မွေးမြူရေးနှင့်ပတ်သက်သော အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ဦးစွာရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မန်တုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါက်တာပြည့်ဖြိုးအောင်က ဝက်မွေးမြူမှုဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်ချက်များ၊ မွေးမြူရာတွင် မျိုးကောင်းမျိုးသန့်ရွေးချယ်ခြင်း၊ ထုတ်လုပ်မှုကောင်းသည့်ဝက်မျိုးများ၊ ဝက်ခြံတည်ဆောက်ခြင်း၊ မွေးမြူရေးခြံနေရာရွေးချယ်ခြင်း၊ အစာကျွေးမွေးခြင်း၊ ပြုစုစောင့်ရှောက်ခြင်း၊ မျိုးဝက်မရွေးချယ်ခြင်း၊ ဝက်ကလေးထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ကူးစက်ရောဂါကာကွယ်ခြင်း အစရှိသည်များကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

မန်တုံ(ပြန်/ဆက်)