မိုင်းကိုင်မြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

မိုင်းကိုင် မေ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် ယနေ့မနက်ပိုင်းက စာရေးသူအောင်သင်းရေးသားသော 'အားနေသောလက်များ' စာအုပ်ဖြင့် စာဖတ် ဝိုင်းကျင်းပပြုလုပ်ရာ ပြည်သူ့စာကြည့်တိုက်၏ youth club, book club, women club အဖွဲ့ဝင်များ၊ လူငယ်လူရွယ်များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် အရန်သားဖွားဆရာမများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း၍ စာအုပ်ပါ 'သူငယ်ချင်းကဗျာဆရာ'၊ 'အားနေသောလက်များ' စသည့် ခေါင်းစဉ်များကို စတင်ဦးဆောင်ဆွေးနွေပြီး book club အဖွဲ့ဝင် မအိအိထွန်းက 'မှတ်ဉာဏ်အရွယ်မလွန်မီ'၊ မငြိမ်အိထွေးက 'နားအေးပါအေး'၊ မခင်မာစိုးက 'သွေးလန့်ခြင်း'၊ နန်းဆိုင်အွမ်က 'လူငယ်တွေ မ, အ အောင်လို့' စသည့်ခေါင်းစဉ်များကို အသီးသီးဆွေးနွေးခဲ့ရာ တက် ရောက်လာသူ စာချစ်ပရိသတ်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ပြန်လည်ဆွေးနွေးကာ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)