ရန်ကင်းမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စွမ်းရည်မြှင့်သင်တန်း ပထမနေ့ အစီအစဉ်အဖြစ် ဖွင့်လှစ်

ရန်ကင်း မေ ၂၀

ရန်ကင်းမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စွမ်းရည်မြှင့်သင်တန်းကို ပထနေ့ အစီအစဉ်အဖြစ် ယမန်နေ့ နံနက် ၉ မှ ညနေ ၃ အထိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များနှင့် ပတ်သက်သော ဘာသာရပ်ကို ရန်ကင်းမြို့နယ် ပညာရေးမှူး ဒေါ်ဝင်းရည်မွန်က သင်ကြားပေးပြီး၊ စီမံခန့်ခွဲရေးဆိုင်ရာ ဘာသာရပ်ကို အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ညိုက သင်ကြားပေးပြီး၊ ပညာရေးဆိုင်ရာဘာသာရပ်များကို .လ.က(၃) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ရည်လတ်တို့မှ အသီးသီးသင်ကြား ပို့ချပေးခဲ့ကြ​ကြောင်း သိရသည်။

သင်တန်းကို အဖွဲ့လိုက်ဆွေးနွေးခြင်းများဖြင့် ဆောင်ရွက်ကာ  ကျောင်းဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ ဦးဆောင်ဆွေးနွေးသူ TEO နှင့် အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ညို၊ အ.လ.က (၃ ) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ရည်လတ်၊ ထက်အုပ် (၁) ဦး၊ လယ်အုပ် (၆) ဦး၊ လခွဲအုပ် (၁) ဦးမူအုပ် ၉ ဦး ရုံးကြီးကြပ် (၃) ဦး တက်ရောက်ကြပါသည်။

ဆက်လက်၍ ကျောင်းများဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် သန့်ရှင်းရေးဆောင်ရွက်ရန်နှင့် ကလေးများအေးချမ်းစွာ ပညာသင်ကြား နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ် ဆောင်ရွက်ကြရန်တို့ကို သင်ကြားရေးပိုင်းတွင် ထည့်သွင်းဆွေးနွေး ပြောကြားသွားခဲ့ကြောင်း သတင်းရသည်။

အိရွှေစင် (ပြန်/ဆက် )