ချမ်းမြသာစည် မေ ၂၀
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ မန္တလာသီရီအားကစား ကွင်း၊ MULITIPURPOSE ခန်းမတွင် မန္တလေးတိုင်းဒေသကြီး အတွင်းရှိခရိုင်(၇)ခရိုင်မှ ၂၅နှစ်အောက် ၀န်ကြီးချုပ်ဖလား (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဗိုလ်မှူးကြီး ကျော်ကျော်မင်းက အမျိုးသမီးဘော်လီဘောပြိုင်ပွဲ၌ ပထမဆုရရှိသော ကျောက်ဆည်ခရိုင် ဘော်လီဘော အသင်းအား တံခွန်စိုက်ဖလားနှင့် ငွေသားဆု(၁၀)သိန်းကျပ်၊ အမျိုးသားဘောလီဘောပြိုင်ပွဲတွင်ပထမ ဆုရရှိသော ပြင်ဦးလွင်ခရိုင် ဘော်လီဘောအသင်းအား တံခွန်စိုက်ဆုဖလားနှင့်ငွေသားဆု(၁၀)သိန်းကျပ်တို့အား ချီးမြှင့်ပေး အပ်ခဲ့ပြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်စိန်လွင်က အကောင်းဆုံးအားကစားသမား ဆုရရှိသူ ကျောက်ဆည်ခရိုင်အသင်းနှင့်ပြင်ဦးလွင် ခရိုင်အသင်းတို့အား ငွေသားဆု(၁)သိန်းစီကိုလည်းကောင်း စီးပွားရေးရာဝန်ကြီးဦးသိန်းဌေးက အမျိုးသား/သမီး ဘော်လီဘောပြိုင်ပွဲ ပထမဆုရရှိသော ကျောက်ဆည်ခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ အသင်းတို့အား ဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ခေတ္တဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးရဲမှူးချုပ်စိန်လွင်၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားနည်းပြများနှင့် အားကစားသမားများ စုစုပေါင်းအင်အား (၁၂၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရသည်။
ခင်စိမ်း၀င်း