မိုးနဲ မေ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့ ပိုစတာ စိုက်ထူးခြင်းကို ယနေ့နံနက် ၇ နာရီခွဲ အချိန်က မြို့နယ်ပညာရေးမှူးရုံးရှေ့၌ စိုက်ထူခဲ့ကြကြောင်း သိရသည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့ ပိုစတာကို မြို့နယ်ပညာရေးဌာနမှ ဝန်ထမ်းများက စိုက်ထူခဲ့ကြပြီး ၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းအပ်နှံလက်ခံသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ဇင်ကိုကို (ပြန်/ဆက်)