မိုးညှင်းတက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ တက်ရောက်ပညာ သင်ကြား

မိုးညှင်း မေ ၂၀

ကချင်ပြည်နယ်မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်၌ မေလ(၁၂)ရက် နံနက်ပိုင်းမှစတင်၍ ကျောင်းစတင်ဖွင့်လှစ်ခဲ့ရာ ပညာသင်နှစ်အလိုက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့် အညီ စိတ်အေးချမ်းသာစွာ တက်ရောက်ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။

မိုးညှင်းတက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားကြရာတွင် မေလ(၁၂)ရက်နေ့မှ (၂၀)ရက်နေ့ထိ ပထမနှစ်တွင် (၂၅၅)ဦး၊ ဒုတိယနှစ်တွင် (၆၇)ဦး၊ တတိယ နှစ်တွင် (၃၃)ဦး၊ ဂုဏ်ထူးတန်း ပထမနှစ်တွင်(၂၇)ဦး၊ ဂုဏ်ထူးတန်း တတိယနှစ်တွင် (၂၃)ဦး၊ မဟာအရည်အချင်းစစ်သင်တန်းတွင် ()ဦးနှင့် မဟာဘွဲ့သင်တန်းတွင် ()ဦး  စုစုပေါင်းကျောင်းသား ကျောင်းသူ (၄၁၇)ဦးတို့ သက်ဆိုင်ရာဘာသာရပ်များအလိုက် ပညာသင်ကြားလျက်ရှိပြီး ကျောင်းအပ်နှံရန် ကျန်ရှိနေသေးသည့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်နှံခြင်းများ ဆက်လက်လက်ခံပေးလျက်ရှိကြောင်း မိုးညှင်းတက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာမဉ္ဇူမင်းထံမှ သိရသည်။

အဆိုပါ တက္ကသိုလ်တွင် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပါမောက္ခချုပ် ဒေါက်တာ မဉ္ဇူမင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်၊ သက်ဆိုင်ရာ ဘာသာရပ် အသီးသီး မှ ပါမောက္ခ(ဌာနမှူး)များနှင့် ဆရာဆရာမများက နွေးထွေးစွာကြိုဆိုခဲ့ကြကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)