မဟာအောင်မြေ မေ ၂၀
မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအား မေလ ၂၀ ရက်နေ့ မွန်းတည်(၁၂)နာရီ အချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာ သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က သင်တန်းဆင်းအမှာစကားပြောကြားသည်။သင်တန်းသား/သင်တန်းသူများကို သင်တန်းမှ သင်ကြားပို့ချပေးပြီး လေ့လာသင်ယူခဲ့ကြသည့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းအား လက်တွေ့နယ်ပယ်တွင် အသုံးချဆောင်ရွက်ကြရန်၊ ပန်းချီပညာသည် မိမိစိတ်ကူးထိုးထွင်းဉာဏ်သည် အဓိကကြကြောင်း၊ ပန်းချီပညာသည် လေ့လာသင်ယူသင့်သော ပညာရပ်တစ်ခုဖြစ်ကြောင်း စသည်များကို ပန်းချီပညာရှင် မြောက်ပြင်တော် ဦးရွှေမော်(ရွှေမော်)က ပြောကြားသည်။
ဆက်လက်၍ သင်တန်းဆန်းစစ်ချက်စာမေးပွဲတွင် ပထမ ၊ ဒုတိယ ၊ တတိယဆုနှင့် (နှစ်သိမ့်ဆု) (၅)ဆုရရှိကြသည့် သင်တန်း သား/သင်တန်းသူများအား ဦးစီးအရာရှိ ဦးဘိုဘိုဟန်က ဂုဏ်ပြုလက်ဆောင်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းအား မေလ(၁၉)ရက်နေ့မှ (၂၀)ရက်နေ့အထိ (အခမဲ့)သင်ကြားဖွင့်လှစ်ခဲ့ပြီး သင် တန်းသား/သင်တန်းသူ (၂၅) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း