ရမည်းသင်း မေ ၂၀
၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာဆိုင်းဘုတ်စိုက်ထူးပွဲကို မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ အမှတ်(၅) မြို့မအခြေခံပညာအထက်တန်းရှေ့၌ ယမန်နေ့ညနေ ၄ နာရီက စိုက်ထူခဲ့ကြောင်းသိရသည်။
အဆိုပါမြေစိုက်ပိုစတာတွင် ၂၀၂၂ ခုနှစ်၊ မေလ (၂၆)ရက် မှ ဇွန်လ (၁)ရက်နေ့ထိသည် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ထားကာ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး သီတင်းပတ်အသိပေးနိုးဆော်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရမည်းသင်းမြို့နယ်၌ မြေစိုက်ပိုစတာစိုက်ထူရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခေတ္တမြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများက မြေစိုက်ပိုစတာစိုက်ထူးပွဲကိုတက်ရောက်ခဲ့ကြောင်း သတင်းရရရှိသည်။
ဇော်ဝင်းအောင်(ခရိုင်၊ ပြန်/ဆက်)