မိုးညှင်း မေ ၂၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ဒေသခံပြည်သူများ လူမှုစီးပွားဘဝတိုးတက် မြှင့်မား လာစေရန်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်များ ထုတ်လုပ်နည်းသင်တန်းကို မေလ(၁၆)ရက် နံနက်ပိုင်းမှ စတင်ကာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ဆက်လက်သင်ကြားပေးလျက်ရှိသည်။
အဆိုပါ သင်တန်းတွင် မိုးညှင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၁၀)ရွာမှ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးတို့အား အခြေခံစားသောက်ကုန် ထုတ်လုပ်နည်း(၅)မျိုးနှင့် လူသုံးကုန်ထုတ်လုပ်နည်း(၅)မျိုး စုစုပေါင်း အမျိုးအမည် (၁၀)မျိုးတို့ကို သင်တန်းနည်းပြအဖြစ် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဖြစ်သည့် ဒေါ်နှင်းနုနုချောက စာတွေ့လက်တွေ့ဖြင့် မေလ(၁၆)ရက်နေ့မှ (၃၀)ရက်နေ့အထိ (၁၅)ရက်ကြာ သင်ကြားပေးလျက်ရှိသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ လူမှုစီးပွားဘဝ တိုးတက် မြှင့်မားလာစေရန်နှင့် မြို့ပြများသာမက ကျေးလက်ဒေသများပါမကျန် အလုပ်အကိုင် အခွင့်အလမ်း ကောင်းများရရှိပြီး တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်စေသည် အထိရည်ရွယ် ၍ ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းထံမှ သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)