မြစ်ကြီးနားမြို့နယ် ရပ်ကွက်/ ကျေးရွာအဆင့် အသက် (၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

မြစ်ကြီးနား မေ ၂၀

မြစ်ကြီးနားမြို့နယ် ရပ်ကွက်/ ကျေးရွာအဆင့် အသက် (၂၅)  နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ရုံးဝန်းအတွင်း ပြည်နယ် မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို မေ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ (၃) ရက်ကြာ မြစ်ကြီးနား မြို့ ပေါ်ရှိ ရပ်ကွက်/ ကျေးရွာများမှ ပြိုင်ပွဲဝင် အသင်း (၁၈) သင်းဖြင့် ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ပြီး ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို မေ ၂၂ ရက်နေ့တွင် ကျင်းပသွား မည်ဖြစ်ကာ  ပြိုင်ပွဲဝင်အသင်း (၁၈) သင်းမှ (၂)ယောက်တွဲ၊ (၃)ယောက်တွဲ ဆုဖလားများ၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်သွားမည်ဖြစ်သည်။

ရပ်ကွက်/ ကျေးရွာအဆင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲမှ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲအတွက် ကစားသမား(၈) ဦးနှင့် နည်းပြဆရာ (၂) ဦး စုစုပေါင်း (၁၀)ဦး ရွေးချယ် သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)